About Us

Our History and Vision

What is ABIPA?

All Burma Indigenous Peoples’ Alliance

Civil society organizations from States and Regions from Myanmar together on indigenous affairs, environmental issues and land rights on the ground which is a network that has been active in advocacy. The people involved in this network are from Kachin State, Chin State, Naga Region, Shan State, Karen State, Karenni State, also Mon State and Tanintharyi Region. After the coup d’état by the Myanmar Military council, we organized a movement under the name of All Burma Indigenous Peoples’ Alliance -ABPIA. 

Before being called the All Burma Indigenous Peoples’ Alliance- ABIPA, our group was known as ICCA NEWS (Indigenous Community Conserved Areas – North East West South) by that name with Conducting on-the-ground research on environmental and land rights issues; providing knowledge. We had done documentation and other campaign programs and done advocacy at the national level. ICCA NEWS was formed with the participation of all ethnic groups, and it came into existence only after all agreed upon and decided through step-by-step discussions. The indigenous people gathered together and put those in the region as leaders.

Forming our groups and forming alliances is a powerful way to take action, and because our world is being impacted by climate change and the rights of indigenous peoples are being violated. Regarding environmental conservation, governments cannot control everything. That’s why the community has to keep it culturally and then recognize it. The community also lost their land rights in various ways. As they lost their land rights, the environment they maintained was destroyed, and more environmental problems arose in the country. That is a loss for the country. Therefore, if the community’s conserved areas are recognized as a bottom-up approach, the community will also get land rights. The government must have already solved the environmental problem.  On the other hand, the conflict between the community and the government is also reduced and local governance is encouraged. That would make the approach to decentralization compatible with the coming federalism. We started working around the clock to identify the important role of indigenous peoples in the country of the future.

In the past, we have been doing a lot of advocacy. On the other hand, the members have been actively working on environmental and customary land issues in their area by doing documentation in their area.

After the coup d’état, we formed the Alliance, which is of interest to all of us. Our Alliance has formed the “All Burma Indigenous People Alliance”. Then, in February, we all made two statements about the coup and met with the UN Indigenous People special rapporteur. After that, everyone was in a state of fleeing, so we made efforts to provide emergency humanitarian aid. Now that there is NUG, we are preparing to contribute and deliver.

The main problem faced in the previous activities is the existing law. That’s why we hoped for a new land law. We tried to hope for laws that protect local people and ethnic groups. However, according to the existing law, local people and indigenous peoples do not have the right to own property. There can be no recognition and no administrative rights to self-determination. There are many other agendas in the political path. Climate change and the environment are less. People who know the concept of indigenous people are still few. Although it is widespread at the International UN level, in Myanmar, most people do not know about human rights. Due to the many problems, the rights of the indigenous people are not growing. Gradually, it took time for people to become widely known. Both in awareness and in the political direction, there is difficulty. There were problems because of the existing law.

As for how to move forward, we will collect everything we get and give it to the input section. If there is an activity that can be done in the community, we will continue to do the documentation. With the bottom up approach, everything that can be done together with the community is going to be done slowly.

Among the things we have been able to do, we have gone all the way to the international level regarding climate change. Regarding ICCA (Indigenous Community Conserved Areas), it has reached the regional level. ICCA also held many discussions at the regional level. There was sharing. That’s the experiences, research and assessment, paper work whether it’s inputs or case studies, everything that needs to be reinforced can be worked on from our side. As for the topic, climate change, customary land tenure, ICCA, Biodiversity and land rights, we can work together.

မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု၏ နောက်ခံသမိုင်းအကြောင်း

မြန်မာနိုင်ငံရှိတိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများနှ စုပေါင်းပြီး ဌာနေတိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင်အရေးနှင့် မြေယာအခွင့်အရေးများကို မြေပြင်တွင်သော်လည်းကောင်း၊ Advocacyတွင်သော်လည်းကောင်း တက်ကြွစွာ လုပ်ဆောင်ခဲ့သည့် Networkဖြစ်တယ်။ ဤ Networkတွင် ပါဝင်သောသူများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နာဂဒေသ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ အဖွဲ့တွေဖြစ်ပါတယ်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မိမိတို့ စုပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု ( All Burma Indigenous Peoples’ Alliance- ABPIA) ဟု အမည်ခေါ်တွင်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု (All Burma Indigenous Peoples’ Alliance- ABIPA)ဟု အမည် မမည့်ဆိုခင်တွင် ကျွန်ုပ်တို့အဖွဲ့သည် ICCA NEWS (Indigenous Community Conserved Areas- North East West South) အမည်ဖြင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအခွင့်ရေးဆိုင်ရာများကို မြေပြင်တွင် သုတေသနပြုလုပ်ခြင်း၊ အသိပညာပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် အခြားကမ်ပိန်းအစီအစဉ်များ ပြုလုပ်ပြီး အမျိုးသားအဆင့်တွင် Advocacy တွေ ပြုလုပ်ခဲ့ကြပါသည်။ ICCA NEWS ဆိုတာကလည်း တိုင်းရင်းသားပေါင်းစုံနဲ့ ပါဝင်ဖွဲ့စည်းခဲ့ပြီး အားလုံးသဘောတူပြီး အဆင့်ဆင့်ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားတွေ အတူတကွစုစည်းပြီးတော့ ဒေသမှာရှိတဲ့ သူတွေကိုဘဲ Leader အနေနဲ့ ထားပြီးတော့ ဦးဆောင်ခဲ့ကြတယ်။ 

ကျွန်ပ်တို့ အဖွဲ့တွေဖွဲ့စည်းခြင်း မဟာမိတ်တွေ ဖွဲ့စည်းခြင်းသည်  အင်အားကောင်းစွာဖြင့် လုပ်ရှားမှုတွေပြုလုပ်နိုင်ရန်နှင့် ကျွန်ုပ်တို့ကမ္ဘာကြီးဟာလည်း climate change ကြောင့် impact တွေဖြစ်ပြီး ဌာနေတိုင်းရင်းသားများ၏အခွင့်အရေးများချိုးဖောက်ခံနေရသောကြောင့်ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရတွေမှာလည်း အကုန်လုံးထိန်းနိုင်တာမဟုတ်ဘူး။ အဲကြောင့် Community ဘက်မှ culture အရ ထိန်းထားပြီးတော့ အဲဒါကို အသိအမှတ်ပြုရန်ဖြစ်တယ်။ Community ကလည်း သူတို့ရဲ့ land rights တွေကို နည်းမျိုးစုံနဲ့ ဆုံးရှုံးခဲ့ရတယ်။ သူတို့ land rights ဆုံးရှုံးတာနဲ့အမျှ သူတို့ ထိန်းသိမ်းခဲ့တဲ့ သဘာဝပတ်ဝန်းကျင်များပျက်စီးပြီး တိုင်းပြည်မှာ Environmental ပြသနာတွေ ပိုပြီး ဖြစ်လာတယ်။ အဲဒါက တိုင်းပြည်အတွက် နစ်နာတဲ့အရာဖြစ်တယ်။ အဲကြောင့် Bottom up approach အနေဖြင့် community ရဲ့ conserved areas တွေကို အသိအမှတ်ပြုလိုက်ရင် Community ကလည်း land rights ရရှိမယ်။ အစိုးရအနေဖြင့်လည်း Environment ပြသနာကို ဖြေရှင်းပြီးသားဖြစ်မယ်။ တစ်ဖက်မှာလည်း Community နဲ့ အစိုးရကြားရဲ့ conflict တွေလည်း လျော့ကျပြီး Local governance ကိုလည်း အားပေးရာရောက်တယ်။ အဲဒါက decentralize ကို approach ဖြစ်စေပြီး အခုလာမည့် ဖက်ဒရယ် လမ်းစဉ်နှင့်လည်း ကိုက်ညီမှာဖြစ်တယ်။ အနာဂတ်ရဲ့ နိုင်ငံမှာ အထူးသဖြင့် ဌာနေတိုင်းရင်းများ၏ အရေးပါတဲ့အခန်းကဏ္ဍကို ဖော်ထုတ်နိုင်ဖို့အတွက် စတင်ပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။

ပြီးခဲ့တဲ့ကာလတုန်းက ကျွန်ုပ်တို့ဟာ Advocacy တွေတောက်လျှောက်လုပ်လာခဲ့ကြတယ်။ တစ်ဖက်မှာလည်း အဖွဲ့ဝင်တွေကလည်း မိမိဒေသမှာ documentation တွေလုပ်ပြီး မိမိတို့ဒေသမှာ သဘာဝပတ်ဝန်းကျင်နှင့် နဲ့ ဓလေ့ထုံးတမ်းမြေယာ အပိုင်းတွေမှာ အားတက်သရောလုပ်ဆောင်လာခဲ့တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်ုပ်တို့အားလုံးစိတ်ဝင်စားတဲ့  Alliance ကို ဖွဲ့လိုက်တယ်။ ကျွန်ပ်တို့ Alliance  က မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု ဆိုပြီး (All Burma Indigenous People Alliance) ဖွဲ့စည်းလိုက်ပါတယ်။ ထို့နောက် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဖော်ဖဝါရီလတွင် ကျွန်ပ်တို့ အားလုံး Statement (၂) စောင် ထုတ်ခဲ့ပြီး UN Indigenous People  special rapporteur နဲ့ တွေ့ခဲ့တယ်။ အဲဒါနောက်ပိုင်းမှာ အားလုံးက ထွက်ပြေးနေရတဲ့အနေအထားဖြစ်တော့ အရေးပေါ် Humanitarian aid ကို အားစိုက်ကူညီမှု တွေပြုလုပ်ခဲ့ကြတယ်။ အခုဆိုရင် NUG ရှိလာတဲ့အပေါ်မှာ contribute လုပ်နိုင်ဖို့ ပြန်ပြင်ဆင်လာတယ်။

အရင်ကလုပ်ဆောင်မှုတွေမှာ ဘာပြသနာကြုံရလဲဆိုတော့ အဓိက ကတော့ Existing law တွေပါဘဲ။ အဲကြောင့် မြေယာဥပဒေအသစ်ကိုမျှော်လင့်ခဲ့တယ်။ ဒေသခံများနှင့် တိုင်းရင်းသားတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေကိုမျှော်လင့်ခဲ့တယ်ကြိုးစားခဲ့ကြတယ်။ သို့သော် Existing law အရဆိုရင် ဘယ်လိုမှ ဒေသခံနှင့် ဌာနေတိုင်းရင်းသားတွေဟာ ပိုင်ဆိုင်ခွင့်၊ အသိအမှတ်ပြုမှုနှင့် ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့် စီမံအုပ်ချုပ် ခွင့်တွေ မရှိနိုင်ဘူး။ နိုင်ငံရေးလမ်းကြောင်းမှာလည်း တခြား agenda တွေဘဲများတယ်။ Climate change တို့ environment တို့က နည်းတယ်။ ဌာနေတိုင်းရင်းသား ဆိုတဲ့ concept တွေကို သိတဲ့သူတွေကလည်း နည်းနေသေးတယ်။ International UN အဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပေမဲ့ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးဘဲ လူတွေသိတာများတယ်။ ပြသနာတွေကများနေတော့ ဌာနေတိုင်း ရင်းသားအခွင့် အရေးဆိုတာက တိုးမပေါက်ဘူးဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ လူတွေက ကျယ်ကျယ် ပြန့်ပြန့် သိလာဖို့ အချိန်တော့ယူရတယ်။ Awareness မှာသော်လည်းကောင်း နိုင်ငံရေး လမ်းကြောင်းမှာ သော်လည်းကောင်း အခက်အခဲရှိတယ်။ Existing law ကြောင့် ပြသနာ တွေဖြစ် ခဲ့တယ်။

ဘယ်လိုရှေ့ဆက်သွားမလဲဆိုတော့ ရသမျှကို စုစည်းပြီးတော့ Input ပေးနိုင်တဲ့အပိုင်းမှာပေးမယ်။ community မှာ လုပ်နိုင်တဲ့ activity ရှိရင် documentation တွေ ဆက်လုပ်သွားမယ်။ Bottom up approach နဲ့အတူ community နဲ့ အတူတကွလုပ်နိုင်မဲ့ ကမှန်သမျှ ဖြည်းဖြည်းချင်းလုပ်သွားဖို့ရှိတယ်။

ကျွန်ပ်တို့ လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေမှာ Climate Change နဲ့ပတ်သက်ပြီး နိုင်ငံတကာအထိ တောက်လျှောက်လုပ်လာခဲ့ကြတယ်။ ICCA (Indigenous Community Conserved Areas) နဲ့ ပတ်သက်တာတွေဆိုလည်း Regional level အထိ ပေါက်ရောက်ခဲ့တယ်။ ICCA ကလည်း Regional level မှာ အများကြီး ဆွေးနွေးမှုတွေ၊ Sharing တွေ လုပ်တာတွေရှိခဲ့ကြတယ်။ အဲဒီက အတွေ့အကြုံတွေ၊ သုသန တွေ Assessment တွေ၊  paper work တွေ၊ input တွေ သော်လည်းကောင်း case study သော်လည်းကောင်း ဝိုင်းဝန်းပြီးတော့ အားဖြည့်ရမဲ့ဟာအားလုံး ကျွန်ပ်တို့ဘက်မှ ဝိုင်းဝန်းပြီး လုပ်ဆောင်လို့ရပါတယ်။ ခေါင်းစဉ်အနေဖြင့် ပြောရရင် Climate change, customary land tenure, ICCA, Biodiversity နှင့် မြေယာအခွင့်အရေး တို့ကို ကျွန်ပ်တို့ဘက်မှ ဝိုင်းဝန်းပြီး အတူတကွပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်။

Follow by Email
YouTube